Lotayamm

search
မာတိကာ

contents

MPT Ring Tune


MPT Ring Tune ၀န်ဆောင်မှုကို သက်တမ်းတိုးခြင်း အစီအစဉ်အား သုံးစွဲသူ လူကြီးမင်းတို့ ပိုမို အဆင်ပြေစေရန် အဆင့်မြှင့်တင်ပြောင်းလဲထားပါသည်။ ယခင် ၀န်ဆောင်မှုကို လစဉ် ၁ ရက်နေ့ တိုင်းတွင် သက်တမ်းတိုးခြင်းအား ရက် (၃၀) အကြာတွင် သက်တမ်းတိုးခြင်းသို့ ပြောင်းလဲမည်ဖြစ်ပါသည်။

ဥပမာ- လူကြီးမင်းသည် ၂၈ ဇန်န၀ါရီတွင် လစဉ် ၀န်ဆောင်မှုကို စတင် ၀ယ်ယူသုံးစွဲပါက နောက် ရက် (၃၀) အကြာတွင် သက်တမ်းတိုးမည်ဖြစ်ပါသည်။

လူကြီးမင်း သက်တမ်းတိုးမည့်ရက်တွင် သက်တမ်းတိုးရန် လက်ကျန်ငွေ အလုံအလောက် မရှိပါက ၀ယ်ယူထားသော သီချင်းများအား အလိုအလျောက် ပယ်ဖျက်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။

ဝယ်ယူထားသော သီချင်းတစ်ပုဒ်အတွက် ၃၁၅ ကျပ်ဖြင့် ရက် (၃၀) တိုင်းအတွက် ကျသင့်မည်ဖြစ်ပါသည်။


• မေးလေ့ရှိသော မေးခွန်းများ

• MPT Ring Tune ၀န်ဆောင်မှုအသစ်က ဘာလဲ။

သုံးစွဲသူများပိုမို အဆင်ပြေစေရန် ၀န်ဆောင်မှုသက်တမ်းတိုးခြင်း ပုံစံအားပြောင်းလဲထားခြင်းဖြစ်ပါသည်။ ယခင် ၀န်ဆောင်မှုကို လစဉ် ၁ ရက်နေ့ တိုင်းတွင် သက်တမ်းတိုးခြင်းအား ရက်(၃၀)အကြာတွင် သက်တမ်းတိုးခြင်းသို့ ပြောင်းလဲထားပါသည်။ ဥပမာ- လူကြီးမင်း သည် ၂၈ ဇန်န၀ါရီတွင် လစဉ် ၀န်ဆောင်မှုကို စတင် ၀ယ်ယူသုံးစွဲပါက နောက် ရက် (၃၀) အကြာတွင် သက်တမ်းတိုးမည်ဖြစ်ပါသည်။


• ၀န်ဆောင်မှုအသစ်ကို ရယူရန် ဘာတွေလုပ်ဖို့ လိုအပ်ပါသလဲ။

ဝန်ဆောင်မှု ရယူထားပြီးသူများအနေဖြင့် အလိုအလျောက် စနစ်သစ်ကို ရရှိပြီးဖြစ်ပါသည်။


• ၀န်ဆောင်မှု ဈေးနှုန်း အပြောင်းအလဲ ရှိပါသလား။

အပြောင်းအလဲမရှိပါ။ လစဉ် ၀န်ဆောင်မှုအတွက် ရက် (၃၀) လျှင် ၁၀၅၀ ကျပ် (အခွန်အပါအ၀င်) ကျသင့်ပါမည်။ နေ့ စဉ်ဝန်ဆောင်မှုအတွက် တစ်ရက်လျှင် ၄၇ ကျပ် (အခွန်အပါအ၀င်) ကျသင့်ပါမည်။


• သီချင်း ဈေးနှုန်း အပြောင်းအလဲရှိပါသလား။

ဝယ်ယူထားသောသီချင်း တစ်ပုဒ်အတွက် ရက် (၃၀)လျှင် ၃၁၅ ကျပ် (အခွန်အပါအ၀င်) ကျသင့်ပါမည်။


• သက်တမ်းတိုးရန် ဖုန်းငွေလက်ကျန် အလုံအလောက်မရှိပါက ဘယ်လိုဖြစ်မလဲ။

ဝန်ဆောင်မှု သို့ မဟုတ် သီချင်း သက်တမ်းတိုးရန် ဖုန်းငွေလက်ကျန် အလုံအလောက်မရှိပါက ၀ယ်ယူထားသော သီချင်းများအား အလိုအလျောက် ပယ်ဖျက်သွားမည်ဖြစ်ပါသည်။ ၀န်ဆောင်မှုမှာ ပျက်ပယ်မည်မဟုတ်ဘဲ ဖုန်းငွေ ပြန်လည် ဖြည့်တင်းသည့်အချိန်တွင် ဆက်လက်သက်တမ်းတိုးမည်ဖြစ်ပါသည်။ သီချင်းပြန်လည်ရယူလိုပါက ပြန်လည် ၀ယ်ယူရမည်ဖြစ်ပါသည်။


• ဘယ်လို ရယူရမည်လဲ။

အောက်ပါ Keywords များကို 7979 သို့ ပေးပို့ အသုံးပြုနိုင်ပါသည်။

7979 သို့ ပေးပို့ ရန် Keywords
လစဉ်ဝန်ဆောင်မှုရယူရန် Reg M
နေ့ စဉ်ဝန်ဆောင်မှုရယူရန် Reg D
ဝန်ဆောင်မှုပယ်ဖျက်ရန် UNR
နံမည်ကြီး ထိပ်တန်းသီချင်းစာရင်း top
နောက်ဆုံးပေါ် သီချင်းစာရင်း latest
ဝယ်ယူထားသော သီချင်းများကို ပြရန် mylib
သီချင်းအသစ်ဝယ်ရန် buy <song code>
သီချင်းကို ဖျက်ရန် delete <song code>
MPT Ring Tune ကို သင်ရဲ့ Default အဖြစ်ထားရန် def <song code>
ပေးပို့ ရမည်စာသားသိရှိရန် help
လျှို့ ဝှက်နံပါတ်ပြောင်းရန် cpw <6 digits password>
မြန်မာဘာသာသို့ ပြောင်းရန် Lan mya
အင်္ဂလိပ်ဘာသာသို့ ပြောင်းရန် Lan eng

• အသေးစိတ်သိရှိလိုပါက ဘယ်လို လုပ်ရမလဲ။

အသေးစိတ်သိရှိလိုပါက ၁၀၆ ကို ဖုန်းခေါ်ဆို၍ မေးမြန်းနိုင်ပါသည်။