Lotayamm

search
မာတိကာ

contents

CRBT One Key Copy

1.CRBT One Key Copy ဆိုတာဘာလဲ။
CRBT one key copy ဆိုသည်မှာ MPT အသုံးပြုသူအနေဖြင့် CRBT ၀န်ဆောင်မှုရယူထားသော မိတ်ဆွေထံသို့ ဖုန်းခေါ်ဆိုနေစဉ် သီချင်းသံ ကြားနေစဉ်အတွင်း ၀န်ဆောင်မှုရယူခြင်း သီချင်းဝယ်ယူခြင်းများကို စတား ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လွယ်ကူစွာ ပြုလုပ်နိုင်စေမယ့် function တစ်ခုဖြစ်ပါတယ်။

2.CRBT user မဟုတ်သူက ဖုန်းခေါ်ဆိုနေစဉ် သီချင်းကိုကြိုက်နှစ်သက်၍ စတား * ကိုနှိပ်လိုက်ပါက ဘယ်လိုဖြစ်မှာလဲ။
CRBT user မဟုတ်သူက CRBT user ကို ဖုန်းခေါ်ဆိုနေစဉ် သီချင်းကိုကြိုက်နှစ်သက်၍ စတား * ကိုနှိပ်လိုက်ပါက လစဉ် ၀န်ဆောင်ခ ၁၀၅၀ ကျပ်နှင့် သီချင်းဝန်ဆောင်ခ တစ်လစာ ၃၁၅ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ထို့ နောက် ၀န်ဆောင်မှု ရယူခြင်း နှင့် သီချင်း ၀ယ်ယူမှု အောင်မြင်ကြောင်း မက်ဆေ့ခ်ျ နှစ်ဆောင် ရရှိမှာဖြစ်ပါတယ်။

3.CRBT user က ဖုန်းခေါ်ဆိုနေစဉ် သီချင်းကိုကြိုက်နှစ်သက်၍ စတား * ကိုနှိပ်လိုက်ပါက ဘယ်လိုဖြစ်မှာလဲ။
CRBT user က CRBT user ကို ဖုန်းခေါ်ဆိုနေစဉ် သီချင်းကိုကြိုက်နှစ်သက်၍ စတား * ကိုနှိပ်လိုက်ပါက သီချင်းဝန်ဆောင်ခ တစ်လစာ ၃၁၅ ကျပ် ကျသင့်မှာဖြစ်ပါတယ်။ ထို့ နောက် သီချင်း ၀ယ်ယူမှု အောင်မြင်ကြောင်း မက်ဆေ့ခ်ျ ရရှိမှာဖြစ်ပါတယ်။

4.စတား * ရဲ့ အလုပ်လုပ်ပုံကို အသုံးပြုသူတွေက ဘယ်လို သိနိုင်မလဲ?
ဖုန်းခေါ်ဆိုသူမှ CRBT user ကို ဖုန်းခေါ်ဆိုစဉ် သီချင်းသံမကြားရခင် စတား * ကို နှိပ်၍ တူညီသောသီချင်း ရယူနိုင်ကြောင်း ဈေးနှုန်း အပါအ၀င် ကြေငြာချက်ကို ဦးစွာကြားရမှာပါ။ ဖုန်းခေါ်ဆိုသူသည် CRBT user ဖြစ်ခြင်း မဖြစ်ခြင်း ပေါ်မူတည်၍ ကြေငြာချက်မှာ ကွဲပြားမှာဖြစ်ပါတယ်။

5.CRBT user မဟုတ်ခဲ့ပါက ကြေငြာချက်က ဘယ်လို ကြားရမှာလဲ။
ဖုန်းခေါ်ဆိုသူက CRBT user မဟုတ်ခဲ့ပါက အောက်ပါအတိုင်းကြားရမှာပါ။
“ဤသီချင်းကိုရယူရန် * ကိုနှိပ်ပါ။ လစဉ်ကြေး ၁၀၅၀ ကျပ်နှင့် သီချင်းဝန်ဆောင်ခ တစ်လ ၃၁၅ ကျပ်ကျသင့်မှာပါ။”
ကြေငြာချက်ပြီးနောက် သီချင်းသံ ကြားရမှာဖြစ်ပါတယ်။ ဖုန်းခေါ်ဆိုသူမှ စတားကို နှိပ်လိုက်ပါက လစဉ်ဝန်ဆောင်ခ နှင့် သီချင်းဝန်ဆောင်ခ ကျသင့်မှာဖြစ်ပါတယ်။ ထို့ နောက် အောင်မြင်ကြောင်းပေးပို့ သည့် မက်ဆေ့ခ်ျ နှစ်စောင်ကို ရရှိမှာပါ။

6.အသုံးပြုသူမှာ ၀န်ဆောင်မှု နှင့် သီချင်းအတွက် လက်ကျန်ငွေ အလုံအလောက်မရှိပါက ဘယ်လို ဖြစ်မလဲ။
ဝန်ဆောင်မှု နှင့် သီချင်းဝယ်ယူမှု မအောင်မြင်နိုင်ပါ။ မအောင်မြင်ကြောင်း အကြောင်းကြားသည့် မက်ဆေ့ခ်ျနှစ်စောင်ကို သီးခြားစီ ရရှိမှာပါ။

7.အသုံးပြုသူမှာ ၀န်ဆောင်မှု အတွက် ဖုန်းငွေ လုံလောက်ပြီး သီချင်းအတွက် မလုံလောက်ပါက ဘယ်လို ဖြစ်မလဲ။
ဝန်ဆောင်မှုကို အောင်မြင်စွာ ရယူနိုင်မည်ဖြစ်ပြီး သီချင်း ၀ယ်ယူမှု မအောင်မြင်နိုင်ပါ။ ၀န်ဆောင်မှု ရယူခြင်း အောင်မြင်ကြောင်း မက်ဆေ့ခ်ျနှင့် သီချင်း ၀ယ်ယူမှု မအောင်မြင်ကြောင်း မက်ဆေ့ခ်ျကို သီခြားစီ ရရှိမှာပါ။

8.ဖုန်းခေါ်ဆိုသူက CRBT user ဆိုပါက ကြေငြာချက်က ဘယ်လို ကြားရမှာလဲ။
CRBT user ဆိုပါက အောက်ပါအတိုင်းကြားရမှာပါ။
“ဤသီချင်းကိုရယူရန် * ကိုနှိပ်ပါ။ တစ်လ ၃၁၅ ကျပ်ကျသင့်မှာပါ။”
ကြေငြာချက်ပြီးနောက် သီချင်းသံ ကြားရမှာဖြစ်ပါတယ်။ ခေါ်ဆိုသူမှ စတားကို နှိပ်လိုက်ပါက သီချင်းဝန်ဆောင်ခ ကျသင့်မှာဖြစ်ပါတယ်။ ထို့ နောက် ၀ယ်ယူမှု အောင်မြင်ကြောင်းပေးပို့ သည့် မက်ဆေ့ခ်ျ ရရှိမှာပါ။

9.အသုံးပြုသူမှာ သီချင်းအတွက် လက်ကျန်ငွေ အလုံအလောက်မရှိပါက ဘယ်လို ဖြစ်မလဲ။
သီချင်းဝယ်ယူမှု မအောင်မြင်နိုင်ပါ။ မအောင်မြင်ကြောင်း အကြောင်းကြားသည့် မက်ဆေ့ခ်ျကို ရရှိမှာပါ။

10.ကြေငြာချက် ပိတ်ထားချိန်မှာရော စတားကို အသုံးပြုလို့ ရနိုင်ပါမည်လား။
ကြေငြာချက် ပိတ်ထားချိန်မှာလည်း စတားကို အသုံးပြုလို့ ရနိုင်ပါတယ်။ အလွယ်တကူ တူညီတဲ့ သူငယ်ချင်း ရဲ့ သီချင်းကို ၀ယ်ယူနိုင်ရန်အတွက် ရည်ရွယ်ပါတယ်။