MPT4U App
MPT4U App ကို MPTအင်တာနက်ဖြင့်အခမဲ့ ဒေါင်းလုတ်ရယူရန်
Google Play Store နှင့် App Store တို့တွင်အင်တာနက်ကုန်ကျမှုဖြင့် ဒေါင်းလုတ်ရယူနိုင်ပါသည်။
MPT4U
MPT4U Application သည်အသုံးပြုသူများအတွက် MPT မှအခမဲ့ဝန်ဆောင်မှုပေးထားသော Application တစ်ခုဖြစ်ပါသည်။
MPT4U App ဖြင့်အသုံးပြုနိုင်သော လုပ်ဆောင်ချက်များ
- MPTအင်တာနက်ဖြင့်အခမဲ့သုံးနိုင်ခြင်း
- လက်ကျန်ငွေစစ်ဆေးခြင်း
- ဖုန်းဘေလ်ဖြည့်ခြင်း
- နေ့စဉ်အသုံးပြုမှုပမာဏစစ်ဆေးခြင်း
- ပက်ကေ့ချ်ဝယ်ယူခြင်း
ပိုမိုသိရှိရန်
- ဖုန်းဘေလ်ချေးယူခြင်း
- ဝန်ဆောင်မှုပြောင်းလဲခြင်း
- ဖုန်းဘေလ်လွှဲပြောင်းခြင်း
- Wifiအပါအဝင်အခြား Network ဖြင့်အသုံးပြုနိုင်ခြင်း
- ပက်ကေ့ချ် လက်ကျန် ပမာဏများ စစ်ဆေးနိုင်ခြင်း
- Call Service ဝန်ဆောင်မှုများ ရယူနိုင်ခြင်း
- FAQ များ ဖတ်ရှု့နိုင်ခြင်း
- MPT Ring Tune ရယူခြင်း
- MPT Club ပွိုင့်များ စစ်ဆေးနိုင်ခြင်း
- လိုတရ ပေ့ချ် သို့ဝင်ရောက်နိုင်ခြင်း
- ဆွေသဟာ၊ ရွှေစကားအစရှိသော ဝန်ဆောင်မှု များပြောင်းလဲနိုင်ပါသည်။
MPT4U Applicationအား Android ဖုန်းအသုံးပြုသူများ ဖော်ပြပါနည်းလမ်းအတိုင်း ဒေါင်းလုတ် ရယူနိုင်ပါသည်။
Step-1:အောက်ဖော်ပြပါအတိုင်း Phone setting ထဲရှိ Security ထဲမှ Unknown Sources ကို On ပါ။
Step-2: ဖော်ပြပါအခမဲ့ ဒေါင်းလုတ် ရယူရန်နေရာမှ ဒေါင်းလုတ် ကိုနှိပ်၍ မိမိနှစ်သက်ရာ ဒေါင်းလုတ်ဆွဲမည့် Browser ကိုရွေးချယ်ပါ။
Step-3: Phone notification bar တွင် ဒေါင်းလုတ် (%) ပြည့်သွားပါကအောက်ဖော်ပြပါအတိုင်း install လုပ်၍ MPT4U Applicationအားရယူနိုင်ပါသည်။
MPT4U App
MPT4U App ကို MPTအင်တာနက်ဖြင့်အခမဲ့ ဒေါင်းလုတ်ရယူရန်
Google Play Store နှင့် App Store တို့တွင်အင်တာနက်ကုန်ကျမှုဖြင့် ဒေါင်းလုတ်ရယူနိုင်ပါသည်။
MPT4U App ဖြင့် ဖုန်းဘေလ်ဖြည့်သွင်းပုံအဆင့်ဆင့်
- ၁။ Application ၏ မူလစာမျက်နှာမှ ငွေဖြည့်သွင်းသည် (Top Up)ကိုနှိပ်ပါ။ (ငွေဖြည့်ကဒ်ကို ခဲခြစ်ထားပါ။)
- ၂။ ငွေဖြည့်သွင်းသည့် စာမျက်နှာတွင် ငွေဖြည့်ကဒ်နံပါတ် ရိုက်ထည့်၍သော်လည်းကောင်း၊ ငွေဖြည့်ကဒ်နံပါတ် ဖြည့်သွင်းရန် နေရာ ဘေးတွင် ရှိသော QR ကုဒ် စကန်နာ ကိုနှိပ်ပြီး ငွေဖြည့်ကဒ်မှ QR ကုဒ်ကို ကင်မရာချိန်လိုက်ပါ။ စကန်ဖတ်ပြီးပါက ငွေဖြည့်သွင်းမှုပြီးပါပြီ။
- ၃။ တခြားဖုန်းသို့ဖုန်းဘေလ်ဖြည့်ပေးလိုပါက ပေးပို့လိုသောဖုန်းနံပါတ်ကိုရိုက်ထည့်၍သော်လည်းကောင်း၊ဖုန်းစာအုပ်မှတ်တမ်းမှ ရွေးချယ်၍ သော်လည်းကောင်းဖြည့်သွင်းပေးနိုင်ပါသည်။
MPT4U App ဖြင့် ပက်ကေ့ချ် ဝယ်ယူပုံအဆင့်ဆင့်
- ၁။ Application ၏ မူလစာမျက်နှာမှ ပက်ကေ့ချ်ဝယ်ယူခြင်း(Package Purchase)ကိုနှိပ်ပါ။
- ၂။ ပက်ကေ့ချ်ဝယ်ယူခြင်း စာမျက်နှာတွင် နှစ်သက်ရာ ပက်ကေ့ချ်ကို ရွေးချယ်၍ ဝယ်ယူသည် ကိုနှိပ်ပါ။
- ၃။ ဝယ်ယူမှုအတည်ပြုရန် စာမျက်နှာတွင် ဝယ်ယူပါမည် ကိုနှိပ်၍ ဝယ်ယူနိုင်ပါသည်။
(အခြားသူများအတွက်ဝယ်ပေးလိုပါက ဝယ်ယူမှုအတည်ပြုရန် စာမျက်နှာ၏ ပေးပို့လိုသောဖုန်းနံပါတ် ရိုက်ထည့်၍သော်လည်းကောင်း၊ ဖုန်းစာအုပ်မှတ်တမ်းမှ ရွေးချယ်၍လည်း ဝယ်ယူပေးပို့နိုင်ပါသည်။)
MPT4U App ဖြင့်ဖုန်းဘေလ်အသုံးပြုမှုပမာဏ စစ်ဆေးပုံအဆင့်ဆင့်
- ၁။ Application ၏မူလစာမျက်နှာမှ နေ့စဉ်အသုံးပြုမှုမှတ်တမ်း ကိုနှိပ်ပါ။
- ၂။ နေ့စဉ်အသုံးပြုမှုမှတ်တမ်း စာမျက်နှာတွင် မိမိအသုံးပြုထားသော (၇) ရက်စာ Voice/Data/SMS ပမာဏကိုစစ်ဆေးနိုင်ပါသည်။
MPT4U App ဖြင့် လက်ကျန်ငွေလွှဲပြောင်းပုံအဆင့်ဆင့်
- ၁။ Application ၏ မူလစာမျက်နှာမှ လက်ကျန်ငွေလွှဲပြောင်းခြင်းကိုနှိပ်ပါ။
- ၂။ လက်ကျန်ငွေလွှဲပြောင်းခြင်း စာမျက်နှာတွင် မိမိလွှဲပြောင်းလိုသော ဖုန်းနံပါတ် ကိုရိုက်ထည့်၍ သော်လည်းကောင်း၊ ဖုန်းစာအုပ်မှတ်တမ်းမှ လည်း ရွေးချယ်နိုင်ပါသည်။
- ၃။ လွှဲပြောင်းလိုသော ဖုန်းနံပါတ်ရွေးချယ်ပြီးပါက လွှဲပြောင်းလိုသည့်ပမာဏကိုရွေးချယ်ပြီး လွှဲပြောင်းသည် ကိုနှိပ်၍ ပေးပို့နိုင်ပါသည်။ (လွှဲပြောင်းလိုသည့်ပမာဏကို ရိုက်ထည့်နိုင်ပါသည်။)
MPT4U App ဖြင့် ဖုန်းဘေလ်ချေးယူပုံအဆင့်ဆင့်
- ၁။ Application ၏ မူလစာမျက်နှာမှ လက်ကျန်ချေးငွေ ကိုနှိပ်ပါ။
- ၂။ လက်ကျန်ချေးငွေ စာမျက်နှာတွင် ချေးယူနိုင်သည့်ပမာဏ ၈၀၀ ကျပ်ကို ငွေချေးမည် ကိုနှိပ်၍ ချေးယူနိုင်ပါသည်။
MPT4U App ဖြင့် ဝန်ဆောင်မှုပြောင်းလဲအသုံးပြုပုံအဆင့်ဆင့်
- ၁။ Application ၏ မူလစာမျက်နှာမှ My tab (ကျွန်ုပ်) ကိုနှိပ်ပါ။
- ၂။ My tab ထဲကအစီအစဉ်ပြောင်းရန် ကိုရွေးချယ်ပါ။
- ၃။ အစီအစဉ်ပြောင်းရန် စာမျက်နှာမှ မိမိနှစ်သက်ရာ ဝန်ဆောင်မှုကိုပြောင်းလဲအသုံးပြုနိုင်ပါသည်။