Lotayamm

search
မာတိကာ

contents

MPT ၏ အခမဲ့ ထပ်ဆောင်း ၀န်ဆောင်မှုများ

  • Voice Mail Service

    စာတိုအမှတ် : 1331

    စာရင်းသွင်းရန် ပေးပို့ရမည့်စာ : VMS

    စာရင်းဖျက်ရန် ပေးပို့ရမည့်စာ : VMS OFF

  • Description

    မိမိခေါ်ဆိုသူ၏ ဖုန်းမှာ ယာယီခေါ်ဆိုမရ၍ဖြစ်စေ၊ ဖုန်းပိတ်ထား၍ဖြစ်စေ မိမိ ပြောပြလိုသည်များကို အသံမက်ဆေ့ခ်ျအဖြစ် ချန်ထားခဲ့နိုင်သည့် ၀န်ဆောင်မှုဖြစ်သည်။

  • Missed Call Alert

    စာတိုအမှတ် : 1331

    စာရင်းသွင်းရန် ပေးပို့ရမည့်စာ : MCA

    စာရင်းဖျက်ရန် ပေးပို့ရမည့်စာ :MCA OFF

  • Description

    သုံးစွဲသူများအနေဖြင့် မိမိတို့ မအား၍ဖြစ်စေ၊ အကြောင်းတစ်ခုခုကြောင့်ဖြစ်စေ၊ ဖုန်းလက်မခံနိုင်သည့် အချိန်တွင် လက်ခံရရှိထားသော အဝင်ခေါ်ဆိုမှုများ (Missed calls) ကို SMS မက်ဆေ့ခ်ျဖြင့် ပြသပေးသည့် ၀န်ဆောင်မှုဖြစ်ပါသည်။

  • Call Me Back

  • Description

    သုံးစွဲသူများအနေဖြင့် မိမိကို ပြန်လည်ခေါ်ဆိုစေချင်သည့် ဖုန်းနံပါတ်ကို SMS ပို့၍ သိရှိစေ နိုင်မည့် ၀န်ဆောင်မှု ဖြစ်ပါသည်။ *222* မိမိအား ပြန်လည်ခေါ်ဆို စေလိုသည့် ဖုန်းနံပါတ်#[send]

  • Call Forwarding

    စာတိုအမှတ် : 1331

    စာရင်းသွင်းရန် ပေးပို့ရမည့်စာ : CF

    စာရင်းဖျက်ရန် ပေးပို့ရမည့်စာ : CF OFF

  • Description

    သုံးစွဲသူများအနေဖြင့် အခြေအနေအကြောင်းကြောင်းကြောင့် လက်ခံနိုင်ခြင်းမရှိသည့် အဝင်ခေါ်ဆိုမှုများကို အခြား မိမိလက်ခံနိုင်မည့် ဖုန်းနံပါတ်ထဲသို့ အလိုအလျောက် လွှဲပေးသည့် ၀န်ဆောင်မှု ဖြစ်ပါသည်။ Call Forwarding ၀န်ဆောင်မှုကို သုံးစွဲရန် ရယူခြင်းမှာ အခမဲ့ဖြစ်ပါသည်။ သိုပေမယ့် ဖုန်းခေါ်ဆိုမှု တဆင့်ပေးပို့သည့်အခါ ထိုဝန်ဆောင်မှုအား ရယူထားသူမှ ၀န်ဆောင်ခ ပေးဆောင်ရမည် ဖြစ်ပါသည်။


    ဥပမာ - က (ခေါ်ဆိုသူ) -> ခ (ဖုန်းခေါ်ဆိုမှု ထပ်ဆင့်ပေးပို့ထားသူ) -> ဂ (ဖုန်းလက်ခံ ရရှိသူ)


    ခ (ဖုန်းခေါ်ဆိုမှု ထပ်ဆင့်ပေးပို့ထားသူ) မှ ထပ်ဆင့်ပေးပို့ထားသော ခေါ်ဆိုမှုကြာချိန် အတွက် ၀န်ဆောင်ခကို ပေးဆောင်ရမည် ဖြစ်ပါသည်။

  • Call Waiting

    စာတိုအမှတ် : 1331

    စာရင်းသွင်းရန် ပေးပို့ရမည့်စာ : CW

    စာရင်းဖျက်ရန် ပေးပို့ရမည့်စာCW OFF

  • Description

    သုံးစွဲသူများအနေဖြင့် ဖုန်းပြောနေစဉ် အချိန်အတွင်းတွင် အခြား အရေးကြီးဖုန်းများ ထပ်မံဝင်ရောက်လာပါက မိမိလက်ရှိပြောနေသည့် ဖုန်းကို စိုင်းငံ့နိုင်ပြီး ခေါ်ဆိုမှုအသစ်များကို ထပ်မံ လက်ခံနိုင်မည့် ၀န်ဆောင်မှုဖြစ်ပါသည်။

◄ လိုတရ ပင်မစာမျက်နှာ