Lotayamm

search
မာတိကာ

တာဝန်မရှိသော ဖော်ပြချက်

၁။ တာဝန်ယူရန်ငြင်းဆန်သော ဖော်ပြချက်

အောက်တွင် ဖော်ပြထားသည့် သဘောတူစည်းကမ်းချက်များကို သတိပြု၍ ပြီးဆုံးအောင် ဖတ်ရှုပေးပါရန် မေတ္တာရပ်ခံပါသည်။ လိုတရ၏ အမည်အပြည့်အစုံ (လိုတရ) ၀က်ဘ်ဆိုဒ်တွင် အချက်အလက်များရရှိခြင်းဖြင့် ယခုဖော်ပြပါ စည်းမျဉ်းများကို သင်မှ လိုက်နာ၍စည်းနှောင်မှုရှိသည်ဟု သဘောတူသည်။ အကယ်၍ သင့်အနေဖြင့် ယခုဖော်ပြပါ စည်းမျဉ်းများကို လိုက်နာရန်ဆန္ဒမရှိပါက ယခုရောက်ရှိနေသော စာမျက်နှာမှ ထွက်ခွာရန် မေတ္တာရပ်ခံပါသည်။

ယခုဝက်ဘ်ဆိုဒ်တွင် ဖော်ပြပါရှိသော သတင်းအချက်အလက်များကြောင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် မည်သည့်အဖွဲ့အစည်းအပေါ်တွင်မှ တာဝန်မရှိစေရဟု မှတ်ယူရမည်။

၂။ တရားဥပဒေအရ တာဝန်ယူရန်ငြင်းဆန်သော ဖော်ပြချက်

၂့၁။ မှန်ကန်တိကျမှု

ဖော်ပြပါရှိသော သတင်းအချက်များသည် မှန်ကန်မှုရှိပါသည်။ သို့ရာတွင် ၀က်ဘ်ဆိုဒ်တွင် ဖော်ပြပါ ရှိသော အချက်များသည် MPT ၏ ပြုလုပ်မှု လုပ်ငန်းစဉ်များကြောင့်သော်လည်းကောင်း (သို့မဟုတ်) တတိယပုဂ္ဂိုလ်များ ၏ ပြုလုပ်ချက်ကြောင့်သော်လည်းကောင်း အချိန်နှင့်အမျှ ပြောင်းလဲ နိုင်ပါသည်။

MPT အနေဖြင့် ၀က်ဘ်ဆိုဒ်ပေါ်တွင် လက်ရှိတင်ပြထားသော အချက်များ၊ အခြေအနေပြောင်းလဲခြင်း ကြောင့် ဖြစ်ပေါ်လာသော ကိစ္စရပ်များနှင့် ပြင်ပမှ ဖြစ်ပေါ်လာသည့်အချက်အလက်များကြောင့် ဤ၀က်ဘ်ဆိုဒ်ပေါ်သို့ အကျိုးသက်ရောက်လာသော ကိစ္စရပ်များပေါ်တွင် အတည်ပြုမှုနှင့် ကတိပြု ဆောင်ရွက်လုပ်ကိုင်ခြင်းမရှိပါ။

၂့၂။ မူပိုင်ခွင့်

တစ်နည်းနည်းဖြင့် ဖော်ပြထားခြင်းမရှိလျှင် ဤဖော်ပြပါဝက်ဘ်ဆိုဒ်ကို MPT မှ ပိုင်ဆိုင်ပါသည်။

၂့၃။ အာမခံမှုမရှိခြင်း

ဤ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့်အချက်များကို နဂိုတည်ရှိသော အခြေအနေတရပ် အတိုင်း တင်ပြရေးသားထားခြင်းဖြစ်ပါသည်။ ထိုသို့တင်ပြထားခြင်းနှင့်စပ်လျဉ်း၍ (ကန့်သတ်ထားမှုမရှိဘဲ) အသင်းဝင်များ သို့မဟုတ် ၀င်ရောက်လေ့လာသူများ မှ မူပိုင်ခွင့်ချိုးဖောက်မှုမရှိခြင်း၊ စီးပွားရေးကိစ္စရပ်များ အတွက်လုံလောက်သောလုပ်နိုင်သောအရည်အချင်း၊ ဆက်သွယ်ခြင်း၊ ပုဂ္ဂိုလ်ရေးရွယ်ချက် အတွက်အသုံးပြုခြင်း၊ အပေါ်တွင် MPT မှ မည်သည့်တာဝန်မှ မရှိစေရ။ ယခု ဖော်ပြချက်များကို စာချုပ်တခုကဲ့သို့ မမှတ်ယူရ။ MPT မှ ပါဝင်သောအချက်အလက်များကို ပြောင်းလဲရန် အခွင့်အရေးတရပ် အဖြစ်ထားရှိသည်။

၂့၎။ တာဝန်မရှိခြင်း

သုံးစွဲသူမှ အင်တာနက်နှင့် ၀က်ဘ်ဆိုဒ် အသုံးပြုခြင်းနှင့် ပတ်သက်၍ ဖြစ်ပေါ်လာနိုင်သော အန္တရာယ်နှင့် အားလုံးသောတာဝန်ရှိမှုအပေါ် တာဝန် ရှိမည်။ ၀က်ဘ်ဆိုဒ်တွင်ပါဝင်သော သတင်း အချက်များနှင့် ကျိုးကြောင်းဆက်နွယ်၍ ဖြစ်ပေါ်လာသောကိစ္စရပ်များပေါ်တွင် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းပေါ်တွင် MPT မှ တာဝန်မရှိစေရ။ မည်သူမဆို (ပေါ့ဆခြင်းအပါအ၀င်) တိုက်ရိုက်၍သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း၊ မတော်တဆ၊ အထူး (သို့မဟုတ်) ကျိုးကြောင်းဆက်နွယ်၍ ပေါ်ပေါက်လာသော ဆုံးရှုံးမှု (သို့မဟုတ်) အမြတ်အစွန်းဆုံးရှုံးမှုများအတွက် MPT (သို့မဟုတ်) ၀က်ဘ်ဆိုဒ်ကို ရေးဆွဲသူ (သို့) ပြုပြင်ထိန်းသိမ်းသူ မည်သူ့အပေါ်တွင်ဆို တာဝန်မရှိစေရ။ သို့တည်းမဟုတ် (ကန့်သတ်ထားမှုမရှိသာ ထိခိုက်မှုများ) အဖွဲ့ဝင် သို့မဟုတ် ၀င်ရောက်ကြည့်ရှုသူက ဤ၀က်ဘ်ဆိုဒ် သို့မဟုတ် ဤ၀က်ဘ်ဆိုဒ်၌ ဖော်ပြထားသော အခြားသောလင့်ခ်များကို အသုံးပြုခြင်းဖြင့် ဖြစ်ပေါ်လာသော မှားယွင်းမှု၊ ရှောင်လွှဲမှု၊ နှောင့်ယှက်မှု၊ ဖိုင်များ ဖျက်သိမ်းမှု၊ ဗိုင်းရပ်များ၊ အပြုအမူ/ဆက်သွယ်ခြင်း မှားယွင်းမှုများ၊ ခိုးမှု၊ အခွင့်မရှိဘဲ ၀င်ရောက်မှုများအတွက် MPT သို့မဟုတ် ဤ၀က်ဘ်ဆိုဒ်ကို ပြုလုပ်သူ သို့မဟုတ် ပြင်ဆင်သူမည်သူ့အပေါ်တွင် တာဝန်မရှိစေရ။

၂့၅။ တတိယအဖွဲ့အစည်းပါဝင်မှု

ဤ၀က်ဘ်ဆိုဒ်တွင် အမျိုးမျိုးသောတတိယပုဂ္ဂိုလ်၊ အဖွဲ့အစည်းများ ပါဝင်ပါသည်။ ၀က်ဘ်ဆိုဒ်တွင်တင်ပြထားသော တတိယပုဂ္ဂိုလ်များ၏ မည်သည့်သဘောထား၊ အကြံဥာဏ်၊ ဖော်ပြချက်များ၊ ၀န်ဆောင်မှုများ၊ ကမ်းလှမ်းမှုများနှင့် အခြားသောသတင်းအချက်များနှင့် ပါဝင်ပတ်သက်မှုများသည် MPT နှင့် ရေးသားသူ(များ)အပေါ်တွင် မည်သည့် တာဝန်မှမရှိစေရ။ MPT မှ တတိယပုဂ္ဂိုလ်များ၏ ဖော်ပြချက် များအပေါ်တွင် ထောက်ခံမှု၊ ထပ်မံထောက်ခံမှု၊ ရှင်းလင်းဖော်ပြခြင်းများ လုံးဝမပြုလုပ်ပါ၊ တာဝန်မရှိပါ။ ၂့၆။ ထောက်ခံမှုမရှိခြင်း

တတိယပုဂ္ဂိုလ်တို့၏ မည်သည့်ကုန်စည်များ (သို့) ၀န်ဆောင်မှုများ၊ လင့်ချိတ်ဆက်လိပ်စာများ (သို့) ကုန်အမှတ်တံဆိပ်အမည်၊ ကုန်အမှတ်တံဆိပ်၊ သင်္ကေတ၊ ထောက်ပံ့ပေးသွင်းသူ၊ အခြားသော သတင်းအချက်များ (သို့) တစ်နည်းနည်းဖြင့် ရှိနေသည့် အခြားသော အချက်အလက်များနှင့် ပတ်သက်ပြီး MPT အနေဖြင့် ထောက်ခံပေးခြင်း၊ စပွန်စာပေးခြင်း (သို့) အတည်ပြုထောက်ခံပေးခြင်း၊ ထောက်ခံခြင်းများ မပြုသကဲ့သို့ အဆိုပါလင့်များနှင့် ပတ်သက်၍ အတည်ပြုထောက်ခံပေးခြင်း မျိုးလုံးဝမရှိပါ။

၂့၇။ ပြောင်းလဲသည့်သတင်းအချက်အလက်များ

ဤ၀က်ဘ်ဆိုဒ်တွင် ဖော်ပြထားသော သတင်းအချက်များ (နည်းပညာဆိုင်ရာ အချက်အလက်များနှင့် စာရေးသားရိုက်နှိပ်မှု မှားယွင်းခြင်းအပါအ၀င်)သည် အချိန်နှင့်အမျှ အခါအားလျော်စွာ ပြင်ဆင်မည် ဖြစ်ပြီး ထိုပြင်ဆင်ချက်ပေါ်တွင် MPTမှ မည်သည့်ကြိုတင်သတိပေးချက်မျှ ပြုလုပ်မည်မဟုတ်ပါ။

၃။ ပျက်စီးဆုံးရှုံးမှုအပေါ် ကာကွယ်စောင့်ရှောက်ခြင်း

သင်ကိုယ်တိုင် နှင့် သင်၏အလုပ်သမားများ၊ ကိုယ်စားလှယ်များ၊ သင်နှင့်အကျိုးပူးပေါင်းဆောင်ရွက်သူများမှ ယခုပါရှိသော စည်းကမ်းများ သို့မဟုတ် ဤ၀က်ဘ်ဆိုဒ်ကို တရားမ၀င်ဥပဒေနှင့် ဆန့်ကျင်၍ အသုံးပြုခြင်းမှ ဖြစ်ပေါ်လာသော MPT နှင့် ၄င်း၏အလုပ်သမားများ၊ ကိုယ်စားလှယ်တို့ထံ အကျိုးတစုံတရာ ထိခိုက်နစ်နာမှု ဖြစ်ပေါ်လာပါက ဆုံးရှုံးနစ်နာမှုအပေါ်တွင် သင်မှ လျော်ကြေးပေးအပ်ရန် သဘောတူပါသည်။

၎။ ၀က်ဘ်ဆိုဒ်အသုံးပြု၍ မရခြင်းအပေါ် အာမခံချက်မပေးခြင်း

အကယ်၍ တစ်စုံတစ်ခုသော အကြောင်းခြင်းရာကြောင့် သင့်အနေဖြင့်လက်ရှိ MPT၏၀က်ဘ်ဆိုဒ်ကို ၀င်ရောက်ကြည့်ရှု အသုံးပြုနိုင်ခြင်းမရှိပါက ထိုအချက်ပေါ်တွင် MPT မှ အာမခံချက် ပေးမှုမရှိပါ။ တာဝန်မရှိပါ။

၅။ အခြားသော ၀က်ဘ်ဆိုဒ်များသို့ ၀င်ရောက်ကြည့်ရှု၍ ဖော်ပြထားသောလင့်များ

ဤ၀က်ဘ်ဆိုဒ်တွင် အခြားသော အင်တာနက်(လင့်(ခ်)ဆိုဒ်) (links) များသို့ ကြည့်ရှုရန် လင့်(ခ်)များ ထားရှိပါသည်။ လင့်(ခ်)ဆိုဒ်(links) များ MPT အနေဖြင့် အဆိုပါဆိုဒ်များနှင့်ပတ်သက်၍ တာဝန်ယူမှု၊ မူပိုင်ခွင့်အစရှိသည်တို့ လုံးဝပတ်သက်မှုမရှိပါ။ MPT မှတာဝန်မယူပါ။

၆။ သတင်းအချက်များ၏ လုံခြုံမှု

အင်တာနက်မှ သတင်းအချက်များ ဖြန့်ဝေခြင်းနှင့် ပတ်သက်၍ (လုံးဝ) လုံခြုံစိတ်ချရသည်ဟု အာမခံချက် မပေးပါ။ ကျွန်ုပ်တို့မှ အပတ်တကုပ် ကြိုးပမ်းကာ ကာကွယ်ထားသည့်တိုင်အောင် သင့်ထံမှ ကျွန်ုပ်တို့ထံ ပေးပို့သည့်သတင်းအချက်အလက်များပေါ်တွင် လုံခြုံစိတ်ချရမှုအတွက် ကျွန်ုပ်တို့မှ တာဝန်ယူမှုမရှိပါ။ မည်သည့် သတင်းအချက်အလက်ကိုမဆို သင့်ထံမှ ပေးပို့ခြင်းအတွက် သင့်ထံတွင်သာ တာဝန်ရှိပါသည်။

၇။ ဤ၀က်ဘ်ဆိုဒ်ပါ စည်းမျဉ်းစည်းကမ်းများကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ တည်ဆဲ ဥပဒေများမှ လွှမ်းမိုးပြီး ရေးသားပြုစုထားပါသည်။