1.အမ်ပီတီရဲ့ ၀န်ဆောင်မှုအသစ်ဖြစ်တဲ့ Social Pack ဆိုတာ ဘယ်လိုပါလဲ။
• လူကြိုက်အများဆုံး Social Applicationများ ဖြစ်သည့် Facebook, Line, Viber, Clash of Clans နှင့် Clash
Royale Application များကို 1MB လျှင် ၁ကျပ်နှုန်းဖြင့် အသုံးပြုနိုင်ရန်အတွက် Social Pack
ဝန်ဆောင်မှုအသစ်ကို MPT က မိတ်ဆက်ပေးခြင်းဖြစ်ပါသည်။
2.Social Pack မှာ အမျိုးအစား ဘယ်နှစ်မျိုး ရှိပါသလဲ။
•အမ်ပီတီ၏ ၀န်ဆောင်မှုအသစ်ဖြစ်သည့် Social Pack တွင် “24 Hr Pack” “7 Days Pack” နှင့် “30 Days Pack” ဆိုပြီး အမျိုးအစား(၃)မျိုးပါဝင်ပါသည်။
3.Social Pack ကို မည်သည့်အချိန်ကာလအတွင်း ၀ယ်ယူနိုင်မှာပါလဲ။
•၂၁၀၆ခုနှစ် ဇူလိုင်လ(၂၈)ရက်မှ ထပ်မံမကြေညာမီအချိန်အထိ Social Pack များကိုဝယ်ယူနိုင်ပါသည်။
4.24Hr Pack ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ
• 24 Hr Pack ကို ၁၉၉ကျပ်+ ကုန်သွယ်လုပ်ငန်းခွန်၅% ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး ယင်း24 Hr Pack တွင်ပါဝင်သည့် 200MB အင်တာနက်ကို Facebook, Line, Viber, Clash of Clans နှင့် Clash Royale Application များအတွက် ၂၄ နာရီအတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။
• အသုံးပြုနိုင်သည့် အချိန်ကို အောက်ပါ ဇယားတွင် နမူနာအဖြစ် ကြည့်ရှုနိုင်ပါတယ်။
Package နမူနာ '24 Hr Pack' |
|
ဝယ်ယူသောအချိန် |
အသုံးပြုနိုင်မည့် အချိန် |
08:00:00 (1st Aug) |
08:00:00 (1st Aug ) – 07:59:59 (2nd Aug) |
5. 7 Days Pack Pack ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။
• 7 Days Pack ကို ၉၉၉ကျပ် + ကုန်သွယ်လုပ်ငန်းခွန်၅% ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး ယင်း7 Days Pack တွင်ပါဝင်သည့် 1000MB အင်တာနက်ကို Facebook, Line, Viber, Clash of Clans နှင့် Clash Royale Application များအတွက် ၇ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။
• အသုံးပြုနိုင်သည့် အချိန်ကို အောက်ပါ ဇယားတွင် နမူနာအဖြစ် ကြည့်ရှုနိုင်ပါတယ်။
Package နမူနာ '7 Days Pack' |
|
ဝယ်ယူသောအချိန် |
အသုံးပြုနိုင်မည့် အချိန် |
08:00:00 (1st Aug) |
08:00:00 (1st Aug ) – 00:00:01 (8th August) |
6. 30 Days Pack ကို ဘယ်လိုအသုံးပြုနိုင်မှာပါလဲ။
• 30 Days Pack ကို ၃၉၉၉ကျပ် + ကုန်သွယ်လုပ်ငန်းခွန်၅% ဖြင့်ဝယ်ယူနိုင်မည်ဖြစ်ပြီး ယင်း 30 Days Pack တွင်ပါဝင်သည့် 4000MB အင်တာနက်ကို Facebook, Line, Viber, Clash of Clans နှင့် Clash Royale Application များအတွက် ရက်၃၀အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။
• အသုံးပြုနိုင်သည့် အချိန်ကို အောက်ပါ ဇယားတွင် နမူနာအဖြစ် ကြည့်ရှုနိုင်ပါတယ်။
Package နမူနာ '30 Days Pack' |
|
ဝယ်ယူသောအချိန် |
အသုံးပြုနိုင်မည့် အချိန် |
08:00:00 (1st Aug) |
08:00:00 (1st Aug ) – 00:00:01 (31st August) |
7. Social Pack တွင်ပါဝင်သည့် Data ပမာဏအား အသုံးပြုနိုင်ခွင့်ကို ကန့်သတ်ထားခြင်း ရှိပါသလား။
• Social Pack တွင်ပါဝင်သည့် Data ပမာဏအား Facebook, Line, Viber, Clash of Clans နှင့် Clash Royale Application များအတွက် ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ပါသည်။ Application တစ်ခုစီအတွက် အသုံးပြုနိုင်မည့် ပမာဏသတ်မှတ်ထားခြင်းမရှိပါ။
• သို့သော် အဆိုပါ Social Apps များတွင်ပါဝင်နေသည့် URL နှင့် Link များကို အသုံးပြုပါကမူ Social Pack အတွင်းမှ ကျသင့်စေမည်မဟုတ်ပဲ ပုံမှန်အင်တာနက် အသုံးပြုခနှုန်းထားအတိုင်း 1MBလျှင် ၆ကျပ်နှုန်းဖြင့်ကောက်ခံမည် (သို့မဟုတ်) Internet Package ၀ယ်ယူထားပါက Internet Packageထဲမှဖြတ်တောက်မည် ဖြစ်သည်။
အသုံးပြုသည့်ပုံစံ |
Social Pack နှုန်းထားအတိုင်းအသုံးပြုနိုင်သည် |
Social Pack နှုန်းထားအတိုင်းအသုံးမပြုနိုင်ပါ။ |
Facebook/Line/Viber/COC/Clash Royale ( Facebook ပေါ်မှ video များကြည့်ရှုခြင်းနှင့် Line/Viber စတစ်ကာများDownloadဆွဲခြင်း အပါအ၀င်) |
|
|
Line , Viber, Facebook Messenger တို့မှ VoIP ခေါ်ဆိုခြင်းနှင့် video call ခေါ်ဆိုခြင်း |
|
|
Facebook ပေါ်ရှိ ပြင်ပ URL , Link များမှတစ်ဆင့် စာများဖတ်ရှုခြင်းနှင့် ဗွီဒီယိုများကြည့်ရှုခြင်း ( ဥပမာ- Youtube Video များ၊ သတင်းwebsite များ)၊ Facebook နှင့်ချိတ်ဆက်ပြီးInstagram အသုံးပြုခြင်း။ |
|
|
Facebook Messenger အသုံးပြုခြင်း။ |
|
|
Download ပြုလုပ်ခြင်း၊ Auto Update များပြုလုပ်ခြင်း။ |
|
|
8. Social Package တွေကိုဝယ်ယူပြီး Facebook တစ်မျိုးတည်းအတွက်အသုံးပြုပါတယ်။ ဘယ်လိုဖြစ်မှာပါလဲ။
• Social Pack တွင်ပါဝင်သည့် Data ပမာဏအား Facebook, Line, Viber, Clash of Clans and Clash Royale Application များအတွက် ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ပါသည်။ Application တစ်ခုစီအတွက်အသုံးပြုခွင့်ရှိသည့် ပမာဏသတ်မှတ်ထားခြင်းမရှိပါ။
9. Social Pack ကိုဘယ်သူတွေဝယ်ယူနိုင်ပါသလဲ။
• MPT ဆွေသဟာဝန်ဆောင်မှုရယူထားသော GSM/WCDMA ( Prepaid / Postpaid ) စနစ်အသုံးပြုသူများအားလုံးသည် ဇူလိုင်လ(၂၈) ရက်မှစ၍ Social Pack များကိုဝယ်ယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။
မှတ်ချက်။ ။သုံးစွဲသူသည် Social Packကိုအသုံးပြုနေစဉ်အတွင်း Base Tariff စနစ်သို့ပြောင်းလဲအသုံးပြုပါက Social Packကိုဆက်လက်အသုံးပြုနိုင်တော့မည် မဟုတ်ပါ။
မှတ်ချက်။ ။ ။သုံးစွဲသူသည် Social Packကိုအသုံးပြုနေစဉ်အတွင်း Base Tariff စနစ်သို့ပြောင်းလဲအသုံးပြုပြီး တစ်ဖန် ဆွေသဟာအစီအစဉ်ကို ပြန်လည်ရယူပါက လည်း Social Packကိုဆက်လက်အသုံးပြုနိုင်တော့မည်မဟုတ်ပါ။
10. Social Pack ကိုဘယ်လိုရယူအသုံးပြုနိုင်မှာပါလဲ။
• “24 Hr Pack” ကိုရယူလိုပါက ၁၃၃၂ သို့ “SP1” ဟု SMS ပေးပို့ပါ။ (သို့မဟုတ်) *3001#ကိုရိုက်နှိပ်ခေါ်ဆိုပါ။ (ဆွေသဟာPrepaid (သို့) Postpaid စနစ်အသုံးပြုသူများ)
• “7 Days Pack” ကိုရယူလိုပါက ၁၃၃၂ သို့ “SP2” ဟု SMS ပေးပို့ပါ။ (သို့မဟုတ်) *3002# ကိုရိုက်နှိပ်ခေါ်ဆိုပါ။ (ဆွေသဟာPrepaid (သို့) Postpaid စနစ်အသုံးပြုသူများ)
• “30 Days Pack” ကိုရယူလိုပါက ၁၃၃၂ သို့ “SP3” ဟု SMS ပေးပို့ပါ။ (သို့မဟုတ်) *3003# ကိုရိုက်နှိပ်ခေါ်ဆိုပါ။ (ဆွေသဟာPrepaid (သို့) Postpaid စနစ်အသုံးပြုသူများ)
11. 24 Hr Pack ကိုဝယ်ယူတာ ဘာလို့ ၂၀၉ ကျပ်ကျသင့်တာပါလဲ (သို့မဟုတ်) 7 Days Pack ကို ၀ယ်ယူတာ ဘာလို့ ၁၀၄၉ကျပ် ကျသင့်တာပါလဲ (သို့မဟုတ်) 30 Days Pack ကိုဝယ်ယူတာ ဘာလို့ ၄၁၉၉ကျပ် ကျသင့်တာပါလဲ။
• ၂၀၁၆ ၊ဧပြီလ(၁)ရက်မှစတင်ပြီး လက်ရှိနှုန်းထားများတွင် ကုန်သွယ်ခွန် ၅ရာခိုင်နှုန်း ထပ်ဆောင်း ပေးဆောင်ရမည်ဖြစ်သည်။
12. ပုံမှန် Internet Package, Night Time Data Package နဲ့ Social Pack တွေဝယ်ယူထားပါတယ်။ အင်တာနက်အသုံးပြုချိန်မှာ ဘယ်ကနေဖြတ်တောက်မှာပါလဲ။
• Facebook, Line, Viber, Clash of Clans and Clash Royale Application များကို သတ်မှတ်ထားသည့်ပုံစံအတိုင်း အသုံးပြုပါက Social Pack ထဲမှ ဦးစွာကျသင့်စေမည်ဖြစ်သည်။
• ည၁၁နာရီ မှ မနက် ၇နာရီအတွင်း အထက်ဖော်ပြပါ Application မဟုတ်သည်များကို အသုံးပြုပါက(သို့မဟုတ်) အထက်ဖော်ပြပါ Applicationများတွင်ပါဝင်သည့် URL, Link များကိုအသုံးပြုပါက(သို့မဟုတ်) VOIP,Video Call ခေါ်ဆိုပါက Night Time Data Package ထဲမှကျသင့်စေမည်ဖြစ်သည်။
• မနက် ၇နာရီမှ ည၁၁နာရီအတွင်း အထက်ဖော်ပြပါ Application မဟုတ်သည်များကို အသုံးပြုပါက(သို့မဟုတ်) အထက်ဖော်ပြပါ Applicationများတွင်ပါဝင်သည့် URL, Link များကိုအသုံးပြုပါက(သို့မဟုတ်) VOIP,Video Call ခေါ်ဆိုပါက ပုံမှန် Internet Package ထဲမှကျသင့်စေမည်ဖြစ်သည်။
• Social Packတွင်ပါဝင်သည့် Data ပမာဏကုန်ဆုံးသွားပါက(သို့မဟုတ်) Social Pack၏ သက်တမ်းကုန်ဆုံးသွားပါက -
• ည၁၁နာရီ မှ မနက် ၇နာရီအတွင်း အင်တာနက်အသုံးပြုမှုအားလုံးအတွက် Night Time Data Package ထဲမှကျသင့်စေမည်ဖြစ်သည်။
• မနက် ၇နာရီမှ ည၁၁နာရီအတွင်း အင်တာနက်အသုံးပြုမှုအားလုံးအတွက် ပုံမှန် Internet Package ထဲမှကျသင့်စေမည်ဖြစ်သည်။
13. လက်ရှိမှာ Facebook Flexကို အသုံးပြုနေပါတယ်။ အခုထပ်ပြီး Social Pack ကို ၀ယ်ယူထား ပါတယ်။ Facebook အသုံးပြုချိန်မှာ ဘယ်ကနေဖြတ်တောက်မှာပါလဲ။
• Facebook ကို Free Mode ဖြင့်အသုံးပြုနေစဉ်အချိန်တွင် အသုံးပြုခ တစ်စုံတစ်ရာကျသင့်မည်မဟုတ်ပါ။
• Facebook ကို Data Modeဖြင့်အသုံးပြုပါက Social Pack ထဲမှကျသင့်စေမည်ဖြစ်သည်
• Facebook Messenger ကိုအသုံးပြု၍ Message(စာသား)၊ ဓာတ်ပုံနှင့် စတစ်ကာများ ပေးပို့လက်ခံခြင်းအတွက် အသုံးပြုခ တစ်စုံတစ်ရာကျသင့်မည်မဟုတ်ပါ။ Video File ပေးပို့ခြင်းနှင့်လက်ခံခြင်းပြုလုပ်မှသာလျှင် Social Pack ထဲမှကျသင့်စေမည်ဖြစ်သည်။
14. Social Pack တွေအများကြီးကို တပြိုင်နက်တည်းဝယ်ယူနိုင်ပါသလား။
• ၀ယ်ယူနိုင်ပါသည်။ Package တခုချင်းစီသည် သက်ဆိုင်သည့် (24 Hr Pack = ၀ယ်ယူ သည့်အချိန်မှ ၂၄နာရီအတွင်း၊ 7 Days Pack = ၀ယ်ယူသည့်ရက်မှ ၇ရက်အတွင်း၊ 30 Days Pack = ၀ယ်ယူသည့်ရက်မှ ရက်၃၀အတွင်း) ရက်စွဲ၊အချိန်တွင် သက်တမ်းကုန်ဆုံး မည်ဖြစ်သည်။ ပထမဆုံးသက်တမ်းကုန်ဆုံးမည့် Social Pack မှ ဦးစွာဖြတ်တောက်မည် ဖြစ်သည်။
• သို့သော် ဖုန်းနံပါတ်တစ်ခုလျှင် သက်တမ်းတူညီသည့် Social Pack အများဆုံး ၅ ခုအထိ ၀ယ်ယူနိုင်ပါသည်။ ၆ခုမြောက် Social Packကိုဝယ်ယူပါက ၀ယ်ယူမှု မအောင်မြင် ကြောင်း စာတိုပေးပို့၍ အသိပေးမည်ဖြစ်ပါသည်။ ( ဥပမာ - 24 Hr Pack ၅ခု၊ 7 Days Pack ၅ခု တစ်ပြိုင်တည်းဝယ်ယူနိုင်သော်လည်း 24 Hr Pack ၆ခု မ၀ယ်ယူနိုင်ပါ။ )
15. လက်ကျန်ဒေတာပမာဏနဲ့ သက်တမ်းကုန်ဆုံးမည့်ရက်ကို ဘယ်လိုစစ်ဆေးနိုင်မှာပါလဲ။
• 1331 သို့ ”BAL”ဟုအခမဲ့စာတိုပေးပို့ပြီး လက်ကျန်ဒေတာပမာဏနှင့် သက်တမ်းကုန်ဆုံး မည့်ရက်ကို စစ်ဆေးနိုင်ပါသည်။
Social Pack ရယူရန်